Member Login Forgot Password?

.

.
Beware PeopleBe Careful!လူတွေကိုစာနာပါ။အရာရာကိုကိုယ်​တိုင်​ခံစားကြည့်​ပြီးမှ​ဝေဖန်​ပါ။Be PositiveDo your best.Never afraid of something change in life.

Sunday, April 10, 2016

အင်တာဗျူးဖြေရာတွင် မမှားသင့်သော အမှား


Author:Ahkter Husin
Welcome to my blog!

တကယ်တော့ အလုပ်လျောက်တယ်ဆိုတာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ (Skills)ကို အလုပ်ချိန်အတွင်း အလုပ်ရှင်ကို ရောင်းတာပါပဲ။ မည်သို့ပင်ဆိုစေကာမူ အင်တာဗျူးဖြေရာမှာ အသေးစိတ်ကအစ ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ မင်းဟာ အင်တာဗျူးမှာ အမှားမှား၊အယွင်းယွင်းလုပ်မိရင်တော့ “စ”  နှင့် မစခင်မှာ “ဆ” ဖြင့် ဆုံးသွားပါလိမ့်မယ်။ ထို့ကြောင့် အင်တာဗျူးဖြေကြမယ့် ညီငယ်၊ညီမငယ်တို့ကို မှားတက်သောအမှား (၇)မျိုးကို ဆင်ခြင်ရအောင် ဖော်ပြလိုက်ရပါတယ်။

(၁) အင်တာဗျူး နောက်မကျစေပါနှင့်

အင်တာဗျူးဖြေဖို့ သွားရာမှာ လုံးဝနောက်မကျ သင့်ပါဘူး။ မင်းစီးလာတဲ့ကား ချွတ်ယွင်းခဲ့ရင်ပဲဖြစ်ဖြစ်၊ ယာဉ်လမ်းကြောပိတ်ဆို့နေရင်ပဲဖြစ်ဖြစ် သတ်မှတ်ထားသော အင်တာဗျူးဖြေချိန်ကို အချိန်မီပါစေ။ ထို့ကြောင့် အင်တာဗျူးဖြေချိန်ကို ခရီးကြာချိန်နှင့် တွက်ချက်ပြီး စောစောရောက်ရှိလေ အလုပ်ရှင်တို့က မိမိရဲ့ Motivation ကို အသိမှတ်ပြုလေ ဖြစ်ပါတယ်။

(၂) မပြင်ဆင်ထားတာကို မသိစေပါနဲ့

မင်း အင်တာဗျူးမဖြေခင် “ ပွဲမ၀င်ခင် အပြင်က ကျင်းပ “ ဆိုသလို Company ရဲ့အကြောင်းကို အနည်းဆုံး Google မှာတော့ လေ့လာသင့်ပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် မင်းဟာ Company ရဲ့ အကြောင်းကို လုံးဝမသိခဲ့ရင်တောင် အင်တာဗျူးဖြေရာမှာ အလုပ်ရှင်ကို “ ခင်ဗျားတို့ လုပ်ငန်းက တစ်ဦးပိုင်လား၊ ရှယ်ယာဝင်တွေနဲ့လား၊ တည်ထောင်ထားတာ ကြာပြီလား၊ ဘယ်လို ကုန်ပစ္စည်းတွေ ထုတ်တာလဲ အစရှိသဖြင့် မိမိမလေ့လာထားတာ သေချာစေသော ခရားရေလွှတ် မေးခွန်းများကို မမေးမိပါစေနဲ့၊ ကြိုတင်ပြင်ဆင်ထားပါ “ လို့ Wyatte & Gaffe Agency ရဲ့ ဥက္ကဌ Mark Gaffe က ဆိုပါတယ်။ “ကိုယ့်ဖို့ မာန်သူ့ဖို့ “ ခွဲခြားတက်ပါစေ။ ထို့ကြောင့်ပင် Company ရဲ့ အကြောင်းကို အင်တာဗျူးမဖြေခင် အရင်လေ့လာသင့်ပါကြောင်း အကြံပြုပါရစေ။

(၃) လစာ၊၀င်ငွေ၊အခွင့်အရေးကို အရင်မမေးမိပါစေနဲ့

ဝန်ထမ်းတစ်ယောက်ရဲ့ ပထမအင်တာဗျူးမှာ မင်းရဲ့ရပိုင်ခွင့်၊အခွင့်အရေးကို အရင်မတောင်းဆိုမိပါစေနဲ့။ ဆေးခွင့်ဘယ်လောက်ရမယ်၊အားလပ်ရက်ဘယ်လောက်ရမယ်ဆိုတာကို မမေးမိပါစေနဲ့။ အင်တာဗျူးအစပိုင်းမှာ မင်း Company ကို ဘယ်လောက်အထောက်အပံ့ပေးနိုင်တယ်ဆိုတာကို သိသာထင်ရှားအောင် ဖြေဆိုလိုက်ပါ။” မင်းရာထူးရဲ့ လုပ်ငန်းဖော်ပြချက် ( Job Description )၊ မင်းလုပ်ဆောင်ရမဲ့တာဝန် (Responsibilities) တို့ကို မေးမြန်းပြီး မင်းအလုပ်ကို ဘယ်လောက် စိတ်ဝင်စားသလဲ မေးမြန်းပါ၊ အားလပ်ရက်က တစ်နှစ်မှာဘယ်လောက်၊ဆေးခွင့်က ဘယ်လောက်၊ရှောင်တခင်ခွင့်က ဘယ်လောက် မေးမြန်းခြင်း ရှောင်ကျဉ်ပါ” လို့ Career Advisers ရဲ့ အကြံပေးအရာရှိ Terry Pile က ဆိုပါတယ်။

(၄) လက်ရှိအလုပ်ထက် ရာထူးတိုးနိုင်လားဆိုတာ မမေးမိပါစေနဲ့

တကယ်တော့ အလုပ်အင်တာဗျူးဆိုတာဟာ နောက်ရာထူးတက်နိုင်လား၊ CEO ဖြစ်နိုင်လား စသဖြင့် အနာဂတ်အခွင့်အလမ်းကို အင်တာဗျူးဖြေဆိုသူအနေနဲ့ မေးမြန်းရမယ့်အချိန် မဟုတ်သေးပါဘူး။ လက်ရှိလျောက်ထားတဲ့ရာထူးကိုပဲ အာရုံစိုက်ပါ။ အလုပ်ရှင်တွေအနေနဲ့ မင်း ဘယ်လောက်ရည်ရွယ်ချက်ကြီးလဲဆိုတာ သူတို့လိုချင်ပါတယ်။မင်းသာ စွမ်းဆောင်ရည်ကောင်းရင် သူတို့ မင်းကိုနောက်ထပ် အခွင့်အလမ်းပေးပါလိမ့်မယ်။ “မင်းဟာ အခွင့်အရေးကို အရင်မတောင်းဆိုမိပါစေနဲ့၊ ဘာလုပ်မယ်ဆိုတာကိုပဲ အရင်ပြောပါ” လို့ Wyatte & Gaffe Agency ရဲ့ ဥက္ကဌ Mark Gaffe က အကြံပေးထားပါတယ်။

(၅) အားနည်းချက်ကို အကောင်းဘက်ကို မပြောင်းမိပါစေနဲ့

မင်းဟာ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်းပြောရအောင် အင်တာဗျူးမေးမြန်းသူတွေက ငပေါတွေမဟုတ်ပါဘူး။သူတို့က မင်းအားနည်းချက်ကို မေးလာရင် မင်းတော်ကြောင်း၊တက်ကြောင်း ကြွားလုံးထုတ်နေရင်တော့ အလုပ်ရတော့မှာ မဟုတ်တော့ပါဘူး။ ဥပမာ မင်းက Project Manager ရာထူးကို လျောက်တယ်ဆိုပါစို့။ မင်း အားနည်းချက်ကို မေးလာခဲ့ရင် Organization Skills ညံ့တယ်လို့ဖြေမဲ့အစား Excel Skills ညံ့တယ်လို့ ဖြေလိုက်ပါ။ “အလုပ်ရှင်က မင်းအားနည်းချက်ကို မေးလာခဲ့ရင် အလုပ်နဲ့မဆိုင်တဲ့အားနည်းချက်ကို ဖြေလိုက်ပါ” လို့ Career Advisers ရဲ့ အကြံပေးအရာရှိ Terry Pile က ဆိုပါတယ်။

(၆) မုသားမသုံးပါနဲ့

အင်တာဗျူးမှာ လုပ်ငန်းအတွေ့အကြုံတွေကို ချဲ့ကားပြောခြင်း၊အလုပ်ထုတ်ခံရတာကို ဖုံးကွယ်ခြင်းဟာ အဆင်ပြေစေပါတယ်လို့ လူအများစုဟာ ထင်ကြပါတယ်။ မင်းဟာ မုသားတစ်ဝက်နဲ့ဖြေဆိုပြီး အလုပ်ရခဲ့သည်ရှိတောင် လက်ရှိအလုပ်မှာအကောင်းဆုံးဖြစ်အောင် မစွမ်းဆောင်နိုင်ဘဲ ထွက်ခွာရဖို့ရှိပါတယ်။ မစွမ်းဆောင်နိုင်တာကို လိမ်လည်လေလေ အလုပ်ထုတ်ခံရဖို့ များတာမို့ အင်တာဗျူးမှာ မလိမ်မိဖို့ အရေးကြီးပါတယ်။ “ မလုပ်နိုင်တဲ့ကိစ္စတစ်ခုကို လုပ်နိုင်တယ်လို့ လိမ်ညာပုံကြီးချဲ့နေမယ့်အစား မင်းဦးနှောက်မှာ လိုအပ်တဲ့အရည်အချင်းတွေဖြည့်ဖို့ နေရာလွတ်ရှိပါစေ” လို့ Wyatte & Gaffe Agency ရဲ့ ဥက္ကဌ Mark Gaffe က အကြံပေးထားပါတယ်။

(၇) မင်းကို အလုပ်မခန


h


Author:Ahkter Husin
Welcome to my blog!

သင် အပေါင်းအသင်းတွေနဲ့ အဆင်မပြေလို့ စိတ်ဓာတ်ကျနေလား
Email This

BlogThis!

Share to Twitter

Share to Facebook
 

Author:Ahkter Husin

Welcome to my blog!
သူငယ်ချင်းကောင်းတစ်ယောက်ကို ရဖို့ဘယ်လိုစိတ်ထားမျိုး မွေးရမလဲဆိုတာ စဉ်းစားမိရင်း ငယ်စဉ်တုန်းက ကြားဖူးတဲ့ ဟာသလေးတစ်ခုကို သတိရမိတယ်။ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသမှာ  မိုးဦးကျရင် မှိုတွေ ပေါက်ကြတယ်။ သစ်ရွက်တွေနဲ့သဘာဝမြေဆီတွေရောပြီး မိုးဦးကျတော့ မှိုပေါက်တော့တာပဲ။ တကယ်တမ်းကျတော့ မှိုဆိုတာ ချုံပုတ်၊သစ်ပင်ကြီးတွေရဲ့အောက်မှာပဲ ပေါက်တာပါ။ မှိုရှာတယ်ဆိုတာကလည်း တကယ်တမ်းတော့ မြွေရှာရတာနဲ့ ထူးမခြားပဲ။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်ကြီးတွေအောက်၊ချုံပုတ်တွေအောက်မှာ မြွေမကြောက်၊ကင်းမကြောက် ရှာရတာကိုး။ မှိုရှာရင်း မြွေပွေးကိုက်ပြီး ဆုံးသွားတဲ့လူတွေလည်း ဒုနဲ့ဒေး။ အရမ်းလည်း ပင်ပန်းတယ်လေ။ အဲ. . . . . မှိုကျင်းများတွေ့ပြီဆိုရင် ပျော်လိုက်ရတာ အရမ်းပဲ။ အဲဒါကြောင့် လူတစ်ယောက်ပြုံးရွှင်နေပြီဆိုရင် “ မှိုရတဲ့ မျက်နှာ” ဆိုပြီး တင်စားကြတာပေါ့လေ။ မှိုဟင်းဆိုတာကလည်း အင်မတန်အရသာ ရပါတယ်။

အဲလိုနဲ့ မိုးဦးကျတော့ သူငယ်ချင်းနှစ်ယောက် မှိုရှာထွက်ကြတာပေါ့။  မှိုရှာတယ်ဆိုတာက လွယ်အိပ်လေးတစ်လုံးကိုလွယ်၊ဓားမြှောင်လေးတစ်လက်ကို ကိုင်ပြီး ထွက်ရတာ။ အဲလို မှိုရှာရင်း တစ်နေရာရောက်တော့ ချုံထဲမှာ မှိုကျင်းကြီးတွေ့ပါလေရော။ ဒါပေမယ့် မှိုတွေက မပွင့်သေးဘူး။ ငုံရုံပဲ ရှိသေးတာ။

“ သူငယ်ချင်း . .  ငါတို့တွေ့တဲ့ မှိုတွေက မပွင့်သေးဘူး။ အငုံလေးတွေပဲ ရှိသေးတာ။ နောက်နေ့ မနက်ဆို ပွင့်လောက်ပြီ။ မနက်မှ လာနှုတ်အောင်ကွာ “

“ အေးကွ မနက်ကျမှ လာနှုတ်ကြအောင်ကွာ “

နှစ်ယောက်စလုံးကလည်း တကယ့် လူလည်တွေဗျ။ မှိုကျင်းကြီးက ကြီးနေတော့ သူတစ်ယောက်တည်း အပိုင်ကြံချင်လို့ တစ်ယောက်ကိုတစ်ယောက် ပ ထုတ်နေကြတာလေ။ တစ်ယောက်ကလည်း အလိုက်သင့် ခေါင်းငြိမ့်လိုက်တာ။

အဲလိုနဲ့ နှစ်ယောက်စလုံး အိမ်ပြန်ကြတာပေါ့ ။ အိမ်ရောက်တော့ အကြံသမားနှစ်ယောက်ကလည်း မနက်ထိအောင် မစောင့်ဘဲ မူလမှိုကျင်းဆီ အပြေးသွားသတဲ့။ ဖြစ်ချင်တော့ နှစ်ယောက်စလုံး မှိုကျင်းမှာပဲ ပြန်တွေ့ပါသတဲ့။ နောက်ဆုံးမှာတော့ မချိသွားဖြဲပြီး တစ်ယောက်တစ်ဝက် မှိုနှုတ်ခဲ့ရသတက်။

ကျနော် ပြောချင်တာက သူငယ်ချင်းတွေကြားမှာ “ ကိုယ်လိုချင်တာ ကိုယ်ပေးလိုက်ဖို့ပါပဲ” ။ ကိုယ်က သစ္စာတရားကို လိုချင်ရင် သစ္စာတရားကိုပဲ ကိုယ့်အပေါင်းအသင်းကို ပေးလိုက်ပါ။ ကိုယ်က စာနာမှုကို လိုချင်ရင် တစ်ဖက်သားကို စာနာမှုတရား ပေးလိုက်ပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကို သတိရမိတယ်။ “ သင် အကူအညီမဲ့နေတယ်လို့ ခံစားနေရင် အခြားတစ်ယောက်ကို ကူညီလိုက်ပါ” တဲ့။ သံပရာပင်စိုက်ပြီး လိမ္မော်သီး သီးဖို့ မမျှော်လင့်ပါနဲ့။ တစ်ချို့ သူငယ်ချင်းတွေက ညည်းနေကြတယ်။ “ငါ့ အပေါင်းအသင်းတွေက ငါ့အပေါ်မကောင်းဘူး” တဲ့။ သင် ကိုယ်တိုင် ကိုယ့် သူငယ်ချင်းတွေအပေါ် ကောင်းပြလိုက်ပါ။ ကံ ကံ၏ အကျိုး၊ သင်ပြုသည့်ကံ သင့်ထံ ပြန်လာပါမည် လို့ ဆိုချင်ပါတော့တယ်။


Pager


Author:Ahkter Husin
Welcome to my blog!

#blog-pager{clear:both;margin:30px auto;text-align:center; padding: 7px; }
.blog-pager {background: none;}
.displaypageNum a,.showpage a,.pagecurrent{font-size: 13px;padding: 5px 12px;margin-right:5px; color: #3E5801; background-color:#E0EDC1;}
.displaypageNum a:hover,.showpage a:hover, .pagecurrent{background:#FEF6DF;text-decoration:none;color: #E16800;}
#blog-pager .pagecurrent{font-weight:bold;color: #D25E71;background:#FFDEDF;}
.showpageOf{display:none!important}
#blog-pager .pages{border:none;}


g


Author:Ahkter Husin
Welcome to my blog!


သီချင်းကြိုက်သူများအတွက်

နိုင်ငံအလိုက်ဧည့်သည်များ

LIKE ME ON FACEBOOK

 
Design by အာက်တာရ်ဟူးဆီန်း | ဒီဘလော့လေးကို(၂၀၁၃)တွင်စတင်ခါ နည်းပညာနှင့်ဗဟုသုတရနိုင်တဲ့စာစုများကိုပြန်လည်မျှဝေနေပါသည်။ | ❀IAM ARKANESE ''ROHINGYA''❀